ကလော မေ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့မွန်းလွှဲ ၁ နာရီအချိန် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကလောမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး(Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့အသိပညာပေး(Talk Show) ဆောင်ရွက်ရာတွင် မြို့နယ်စာရေးဆရာအသင်းမှ ဆရာချမ်းမြဆောင်း ပြောကြားရာတွင် လူငယ်တွေဟာယနေ့ လူငယ်နောင်ဝယ် လူကြီးကြမည့်သူတွေပါ.အနာဂတ်ကိုဦးဆောင်ရမှာလည်းလူငယ်တွေပါပဲ.စာပေသင်ကြားနေတဲ့လူငယ်တွေအထူးသဖြင့် စာဖတ်ကြရပါမယ်.ပြင်ပဗဟုသုတဖြစ်စေမည့် စာတွေကို ကျောင်းအားလပ်နေချိန်၊ စာသင်စာကျက်ပြီးသည့် အချိန်တွေမှာ ကိုယ်နှစ်သက်ရာ ဆောင်းပါး၊ ကဗျာ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ သတင်းတွေကို ဖတ်ရှူ့လေ့လာသင့်ပါကြောင်း၊ ယနေ့လူငယ်များတိုးတက်မှ နိုင်ငံတော်အနာဂတ်လဲတိုးတက်မည်ဖြစ်ကြောင်း၊ လူငယ်နှင့်အနာဂတ်၊ အနာဂတ်နှင့် လူငယ်တွေဟာခွဲ၍ မရစကောင်းပါပဲ.အတွေးမှား၊ အသိမှား၊ အပေါင်းအသင်းမှား မလိုက်မိဖို့အရေးကြီးလှပါကြောင်း၊ အဲဒီအမှားတွေကင်းဖို့က စာပေဗဟုသုတရှိမှအတွေးသစ်၊ အမြင်သစ်တွေ၊ အသိကြွယ်မှ လမ်းမှန်ကမ်းမှန်ရောက်ရှိမှာဖြစ်ကြောင်း၊ အလိမ္မာစာမှာရှိလို့ စကားပုံရှိတာကြောင့် လူငယ်တွေစာဖတ်ရှိန်မြှင့်တင်ဖို့က အရေးကြီးကဏ္ဍဖြစ်လာပါကြောင်း၊ စာဖတ်မှအသိပညာ၊ အတက်ပညာရပြီးစာပေရဲရင့်မှ ပွဲလယ်တင့်ပါမယ်..ဒါကြောင့်လူငယ်တွေစာများများဖတ်ကြ၊ လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်ဟု ပြောကြားခဲ့သည်။
ကျော်ဝင်း(ကလော)