ပုဗ္ဗသီရိ၌ လူငယ်နှင့်မီဒီယာအကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ကျင်းပ

ပုဗ္ဗသီရိ မေ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်မီဒီယာအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က မီဒီယာရဲ့အဓိပ္ပာယ်၊ မီဒီယာရဲ့အရေးပါပုံ၊ မီဒီယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့အတွက်ရရှိတဲ့ ကောင်းကျိုး၊ ဆိုးကျိုးများအကြောင်း၊ Online မီဒီယာအသုံးပြုတဲ့ လူငယ်တွေအတွက် သတိထားသင့်တဲ့အချက်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)