မိုင်းဆတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ကာနကျေးရွာ၌ SMART VALLAGE အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီခွဲက ကာနကျေးရွာ ဘုရားရှိခိုးကျောင်းတွင် တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဦးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တာချီလိတ်ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုသက်က SMART VALLAGE အဖြစ်ရွေးချယ်ထားသည့် ကာနကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်နိုင်ရေးအတွက် ဘက်စုံသုံးဆပ်ပြာသင်တန်း၊ ကျောက်ဖယုံယို ပြုလုပ်နည်းသင်တန်း၊ သခွားသီးဖြင့် ရေချိုးဆပ်ပြာပြုလုပ်နည်းသင်တန်းနှင့် ဝါးဖြင့်လူသုံးကုန်ပြုလုပ်နည်း စသည့်သင်တန်းများကို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် အရည်အသွေးပြည့်မီသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်ရည်ရွယ်ကာ သင်ကြားပေးမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)