မော်လမြိုင် မေ ၁၃
၂၀၂၂ ခုနှစ် မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးရန်၊ မျိုးဆက်သစ် အားကစားသမားများဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယ စိတ်ဓါတ်အပြည့်အ၀ဖြင့် နည်းပြဆရာသမားများဖြစ်အောင် သင်ယူကြရန်၊ သင်ကြားလေ့ကျင့်မှုများကို စနစ်တကျလိုက်နာပြီး လေ့ကျင့်သင်ကြားနာယူဖို့လိုအပ်ကြောင်း၊ ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများအား ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအဖြစ် မွေးထုတ်ပေးနိုင်သော နည်းပြများဖြစ်အောင် စွမ်းဆောင်ကြဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ (မွမ်းမံ)သင်တန်းသို့ တက်ရောက်သည့် ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်