လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

လှည်းကူး မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးနွဲ့က မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို Online Page မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်းနှင့်  (Talk  Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားသည်။

ထို့နောက် လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးနွဲ့နှင့် ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်တို့က ကဆုန်လပြည့်နေ့ ဖြစ်ပေါ်လာပုံ၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာတို့အတွက် နေ့ထူးနေ့မြတ်အဖြစ် တန်ဖိုးထားရသောနေ့ တစ်နေ့ဖြစ်ခြင်း၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ဟုခေါ်ဆိုနိုင်စေခြင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)