စမ်းချောင်း မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေဖတ်မှတ်လေ့လာတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ယနေ့ နံနက်(၁၀)နာရီခန့်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားစာပေများမှ ပုံပြင်များဖြင့်ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူအသီးသီးအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းဝင်းက အမှတ်တရ လက်ဆောင်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း