လှိုင်သာယာ အနောက်ပိုင်း မေ ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကဆုန်လပြည့်နေ့ အကြောင်းသိကောင်းစရာများ Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝေလွင်လွင်ကျော်က Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရးဆရာ အယ်ဒီတာ ဦးသူရဇော်(ဉာတတ္ထစရိယာ)က ကဆုန်လပြည့်နေ့ဖြစ်ပေါ်လာပုံ၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာတို့အတွက်နေ့ထူးနေ့မြတ်အဖြစ် တန်ဖိုးထားရသော နေ့တစ်နေ့ဖြစ်ခြင်း၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ဟုခေါ်ဆိုနိုင်ခြင်းစသော အကြောင်းအရာများအား ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
သိန်းသိန်း