တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌   စကားပုံဆက်ပြိုင်ပွဲကျင်းပ

တံတားဦး မေ  ၁၃

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  စကားပုံဆက်ပြိုင်ပွဲကျင်းပကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရွှေအိုး လူမခိုးဆိုသည့် စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်ဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

စကားပုံဆက်ပြိင်ပွဲကို အထက-တံတားဦး ကျောင်းသား/သူများက မိမိတို့လေ့လာဖတ်ရှု လေ့လာထားသောထားသော စကားပုံများဖြင့် ယှဉ်ပြိုင်ကြကာ တာဝန် ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ Tallk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရဲတင့်