စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား       

စဉ့်ကိုင် မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင်၊    စဉ့်ကိုင်မြို့နယ်၊   တောမကျေးရွာအုပ်စုအတွင်းရှိ    ကျောက်ဆည်တက္ကသိုလ်တွင် ပညာသင်နှစ်အလိုက်၊ ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ  ယနေ့နံနက်ပိုင်းတွင် အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊  ပထမနှစ် ဂုဏ်ထူးတန်းများ၏    (ဒုတိယပညာသင်ကာလ) ၂၀၂၁-၂၀၂၂   ပညာသင်နှစ်၊  တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာဘွဲ့သင်တန်း၊ မဟာအရည်အချင်းစစ် သင်တန်း၊   မဟာကျမ်းပြုသင်တန်း၊  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းများ၏  (ပထမ ပညာသင်ကာလ) များတွင်  တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား၊ သင်ယူနေမှုအခြေအနေများကို ပါမောက္ခချုပ်ဒေါက်တာရီရီဦးနှင့် တာ၀န်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊  ကျောင်းသူများ ပညာသင်ယူရာတွင် သွားလာရေးအခက်အခဲမဖြစ်စေရန်နှင့် နေထိုင်စားသောက်ရေးများကိုပါ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)