မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့်‌ အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး

ကျောက်တံတား  မေ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အများပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (:၀၀)နာရီအချိန်မှ စတင်၍ အမှတ်()ရပ်ကွက်၊ ၃၈လမ်းနှင့် အနော်ရထာလမ်းထိပ်၌ ဆန်၊ဆီ၊ကြက်ဥများကို သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ဆန်()ပြည်တစ်အိတ်လျှင် ၅၀၀၀/-ကျပ်၊ ပေါ်ဆန်းဆန်()ပြည်တစ်အိတ်လျှင် ၈၅၀၀/-ကျပ်၊ ဆီ(၅၀)သားလျှင် ၂၈၀၀ကျပ်နှင့် ကြက်ဥ(၁၀)လုံးတစ်ကဒ်လျှင် ၁၈၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်ခေါင်းဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)