ကလောမြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကလော မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့ နံနက် ၁၀  နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်နန်းအေးခိုင်က နွေရာသီကျောင်းပိတ်ရက်များတွင်ကျောင်းသား၊ကျောင်းသူများအချိန်ကိုအကျိုးရှိရှိအသုံးချ၍စာအုပ်စာပေများလေ့လာဖတ်ရှူ့စေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ကျောင်းသား /ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကို ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ဟောပြောပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားပြီးမိမိတို့ကိုယ်တိုင်ဟောပြောတဲ့သည့်အလေ့အကျင့်ကောင်းများရရှိလာမည်ဖြစ်ကြောင်းသိရသည်။

 ကျော်ဝင်း(ကလော)