မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲထိကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ  မေ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မွေးစအသက်()လမှ()နှစ်ခွဲထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် နာရီအချိန်က မြို့နယ် ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ထိုးနှံလျက်ရှိပြီး ကျန်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း သတ်မှတ်ဆေးထိုးစုရပ် နေရာများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  အသက်()လမှ ()နှစ်ခွဲထိ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်အဆုတ်ရောင်ရောဂါ (ပီစီဗီ)ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးအစရှိသည့် ငါးမျိုးစပ်ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)