လဲချားမြို့နယ်တွင်  ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

လဲချား မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမျိုးဆွေမှ ကျေးဇူးတင်စကားပြောကြာခဲ့ပြီး လဲချားမြို့နယ်အတွင်းသို့ ရောက်ရှိလာသော နေရပ်စွန့်ခွာ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု/ လူမှုကရုဏာလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

လွှမ်းသူနောင် (လဲချား)