သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်

သထုံ မေ ၁၃

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသော်ထူးပိုင်က ကမ္ဘာကြီး၏ အဘက်ဘက်မှယိုယွင်းပျက်စီးနေမှုများနှင့် ကမ္ဘာကြီးပူ‌နွေးလာမှု၏ အကြောင်းအရင်းတစ်ခုဖြစ်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်လာရသည့် အခြေခံအကြောင်းရင်းများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များနှင့် မီးခိုးမြူငွေ့များကြောင့် လူသားတို့အပါအဝင် သက်ရှိသက်မဲ့ သယံဇာတအရင်းအမြစ်တို့အပေါ်  ဆိုးရွားသည့်အကျိုးသက်ရောက်ရောက်မှုများ၊ ‌တောမီးလောင်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် သစ်တောသစ်ပင်ပျက်စီးမှု၊ မြေဆီလွှာပျက်စီးမှုနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုများစသည့် မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ခရိုင်ပြန်/ဆက်)