လွိုင်လင်ခရိုင်ရုံးတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

လွိုင်လင် မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  လွိုင်လင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်    စာပေချစ်မြတ်နိုးသူ  Youth Club  အသင်းဝင်များ  ပူးပေါင်း၍  ယနေ့မွန်းလွဲ ၁ နာရီက အစည်းအဝေးခန်းမတွင် စာရေးဆရာကျော်စိန်ရေးသားသည့် “လူငယ်လမ်းညွန်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်းအပေါ်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး Youth Club အသင်းဝင်မထယ်ဝါထွန်းကလူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးပေးပြီး Youth Club  အသင်းဝင် မနှင်းနဒီက မှတ်ဉာဏ်စိတ်ဝင်စားမူနှင့်စေ့စော်မူခေါင်းစဉ်ဖြင့်လည်းကောင်း၊မသဲဟေမာန်ဇော်မှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ဆွေးနွေးပေးခဲ့ကြပြီးနောက် တက်ရောက်ကြသည့် အသင်းဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ်  မိမိတို့အမြင်များဖြင့် အကြံပြုဆွေးနွေးပေးသည်။ 

လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများ ပုံမှန်ဆောင်ရွက်ပေးခြင်းအပြင် ပြည်သူ့အကျိုးပြုဆွေးနွေးပွဲများကိုလည်း အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးတင်ဆက်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)