တောင်ကြီး မေ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေညောင်-တောင်ကြီးပြည်ထောင်စုလမ်းမကြီးဘေးဝဲယာ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ရွှေညောင်မြို့တိုက်နယ်ဆေးရုံတို့တွင် ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ချုံနွယ်များခုတ်ထွင်ခြင်း အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ ဆယ်ယူခြင်းတို့ကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း