ပင်လောင်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားသည့် ဘုရားဖြူဘီလူးချောင်းတံတားအမှတ်(၂) ဖွင့်လှစ်

နောင်တရား မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ဘူရားဖြူကျေးရွာအနီး ဘီလူးချောင်းအပေါ်၌ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသည့် ဘုရားဖြူဘီလူးချောင်းတံတားအမှတ်(၂)ကို ယမန်နေ့က မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ ရွာဦးကျောင်းဆရာတော်နှင့် တံတားတည်ဆောက်ရေး ကော်မတီဝင်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

တံတားဖွင့်ပွဲအခမ်းအနားတွင် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တံတားတည်ဆောက်ရေးကော်မတီဝင်တစ်ဦးက ကွန်ကရစ်တံတား တည်ဆောက်ခြင်းကုန်ကျစရိတ်နှင့် အကျိုးပြုကျေးရွာများကို ရှင်းလင်းတင်ပြသည်။ “ယခင်တုန်းကတော့ သစ်သားတံတားပေါ့ တံတားကဆွေးနေတော့ ကွန်ကရစ်တံတားဆောက်ချင်တာ။ အခုတော့ ကျွန်တော်တို့ဘုရားဖြူကျေးရွာက ရွာလုပ်အား၊ အလှူရှင်တွေ၊ ရပ်နီးရပ်ဝေးက အလှူရှင်တွေထည့်ဝင်ငွေနဲ့ ဆောက်လုပ်ထားတာပါ” ဟုဘုရားဖြူကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါတံတားမှာ တောင်ပေါ်ဒေသကျေးရွာ (၁၄) ရွာမှ လူဦးရေ (၃၅၀၀) ကျော်အတွက်  တောင်ပေါ်ဒေသနှင့် မြို့ပြဒေသများသို့ ဆယ်သွယ်ပေးသည့်လမ်းပိုင်းဖြစ်ခြင်း၊ တောင်ပေါ်ဒေသ ကုန်ထုတ်လမ်းပိုင်းဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသော ဘုရားဖြူ ဘီလူးချောင်းတံတားအမှတ်(၂)ကို ဘုရားဖြူကျေးရွာမှ အလှူရှင်များနှင့် ရပ်ဝေးရပ်နီးမှ အလှူရှင်များ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ကျပ်(၅၂၄)သိန်းကျော်ဖြင့် ဆောင်လုပ်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)