သာကေတမြို့နယ် Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

သာကေတ  မေ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Book Club) အဖွဲ့ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်း၍(Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီတွင် စာရေးဆရာချစ်နိုင် ရေးသားသည့်" ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ်(Book Club)အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်၊ သာကေတမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာမြေလတ်မြတ်သူ၊ သာကေတမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဦးအောင်အောင်တို့မှ "ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်" စာအုပ်သည် လူမှုအသိုင်းအဝန်းတွေ ဦးဆောင်ဦးရွက် သူများအပြင် မျိုးဆက်သစ် လူငယ်လူရွယ်များမှ သိသင့်သိထိုက် ဆွေးနွေးသင့်သော အချက်များစွာ ပါဝင်နေသည့်အပြင် စကားပြော စွမ်းရည်နည်းနာ တစ်မျိုးသာမက မိမိဘဝ တိုးတက်ရာ၊ တိုးတက်ကြောင်း နည်းလမ်းများအပြင် ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာရန် အချက်များပါဝင်၍ အနှစ်သာရရှိ‌‌သော စာအုပ်ဖြစ်၍ ရွေးချယ်ဆွေးနွေးရခြင်း ဖြစ်ကြောင်း"ဟူ၍ အကျယ်တဝင့်ဆွေးနွေးရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေ ဝါသနာရှင်များမှလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ