သိန္နီမြို့တွင် မြို့လုံးကျွတ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သိန္နီ မေ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နိုင်ရန် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းက မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် သိန္နီမြို့ရှိ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် (၄) ရပ်ကွက်ရှိ ပြည်သူများ၊ ဘေးနံတပ်ဖွဲ့/ဌာနဆိုင်ရာများ စုပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သန့ရှင်းရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုလမ်းမကြီး၏ ဘေး ဝဲ/ယာနှင့် မြို့အထင်ကရနေရာများ၊ လူနေရပ်ကွက်များ၊ မြို့ဝင်/ထွက်နေရာများကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး အပတ်စဉ်နေရာများရွေးချယ်ကာ ဆောင်ရွက်နိုင်ရေး ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်းသန့်ရှင်းရေးတွင် ပါဝင် ဆောင်ရွက်ကြမည့် အင်အားအရေအတွက်စာရင်းအား တင်ပြခဲ့ကြရာ စုစုပေါင်း အင်အား(၃၉၅) ဦးခန့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး  စုပေါင်းသန့်ရှင်းရေးအား မေလ ၁၄ ရက်နေ့နံနက် ၇ နာရီခွဲ  အချိန်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းဆုံးဖြတ်၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)