မိုင်းဖြတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို ပြည်သူများပူးပေါင်းပါဝင်၍ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပေးနှိုးဆော်ခြင်းကို့ ယမန်နေ့ နံနက်ပိုင်းက ဝမ်ယန်းမိုင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဒုတိယစီးမှူး ဒေါ်ဌေးဌေးမာနှင့်ဝန်ထမ်းများက မိုင်းဖြတ်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးနေမှု၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်ရေး စသည့်အချက်များ၊ ကိုဗစ်-၁၉ရောဂါ ကိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည် အချက်များကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် အကျုံးဝင်သူ (၂၁၂၁၆)အနက် မေလ ၁၂ရက်အထိ ပထမအကြိမ် ထိုးနှံပြီးသူ (၁၉၃၁၂)၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ(၁၆၀၂၇)နှင့် ဆေးထိုးရန်အကျုံးဝင်းပြီး လုံးဝမထိုးရသေးသူ (၁၉၀၄)ရှိကြောင်း သိရသည်။
သန်းထွန်းအေး