အမရပူရ မေ ၁၃
အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ ဉာဏ်ပညာပြည့်ဝစေရေး၊ အရောင်အသွေးမှန်ကန်စွာရွေးချယ်နိုင်ရေး၊ ဉာဏ်ပညာအမြော်အမြင်ရှိစေရန်အတွက် ယခုလို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်းကို ပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပကာ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်တင်လှ