နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

နွားထိုးကြီး မေ ၁၃

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲစက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် အမှတ်(၅)ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face shield)ကိုတွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တပ်နိုင်သမျှခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျဆေးကြောပါ၊ အလုံပိတ် အခန်းများအဲကွန်းခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိအသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက်များကို အများပြည်သူများ သိရှိစေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အမှတ်(၅)ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာတို့တွင် လိုက်လံအသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်