မိုးမောက်မြို့နယ်၌ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုးမောက် မေ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး   (Community Centre) ခန်းမတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေး Talk Show ကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက Talk Show ဆောင်ရွက်ရခြင်းအကြောင်းနှင့် ယခုကဲ့သို့ Talk Show ဆွေးနွေးပွဲများကို လစဉ်တတ်သိပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး ရှေးဦးပြုစုခြင်း၏ အဓိပ္ပာယ်၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ၁၉၃၇ ခုနှစ်မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြောင်း၊ ရှေးဦးပြုစုခြင်း၏ ရည်ရွယ်ချက်များနှင့် မဟာဗျူဟာ စီမံကိန်းများ ချမှတ်ဆောင်ရွက်နေမှုများကို မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးလှိုင်ကြူက ပြည်သူများ သိစေလိုသည့်အချက်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

လွန်းနန်းထွေး(ပြန်/ဆက်)