ဝမ်းတွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်

ဝမ်းတွင်း မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာသတ်မှတ်ထားသော စုရပ်များနေရာများအလိုက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

Covid19ရောဂါကာကွယ်ဆေး FirstDoseSecondDose၊ BoosterDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ်အထက် ရှိသူများ၊ ဒေသခံပြည်သူများအား ကျန်မာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သော ဒေသခံပြည်သူ(၈၃၀)ဦးအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများထပ်မံထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ခြင်းလုပ်ငန်းများ ဆောင်ရွာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)