ကျောက်ဆည် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာတွင် ယနေ့နံနက် (၉) နာရီက အသက် (၇၀) နှစ်အထက် အသက်ကြီး အဘိုး၊ အဘွား (၆၃) ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ မင်္ဂလာမဏ္ဍပ်တွင် ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တသီလာစာရထံမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်းနှင့် အသက်ကြီး အဘိုး၊ အဘွားပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ သက်ကြီးဘိုးဘွားများ၊ ရပ်မိ/ရပ်ဖများ၊ စေတနာရှင်၊ အလှူရှင်များက ငါးပါးသီလတရားနှင့် ရေစက်ချတရားနာယူကြပြီး သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး အတွင်းရေးမှူး ဦးမိုးဝင်းက ပူဇော်ပွဲဖြစ်မြောက်ရေး ဆောင်ရွက်ခြင်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသက် (၇၀) နှစ်အထက် အဘိုး (၂၃) ဦး၊ အဘွား (၄၀) ဦး၊ စုစုပေါင်း (၆၃) ဦးတို့အား တစ်ဦးလျှင် အလှူငွေ (၁) သောင်းကျပ်၊ ဝတ်စုံ (၁) စီနှင့် တဘက (၁) ထည်စီတို့အား အဘိုးအဘွားများလက်ဝယ် အရောက် ပူဇော်ကန်တော့ခဲ့ကြပြီး သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးဦးလေးမောင်က ဆုတောင်း မေတ္တာပို့စကားများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်