ကျောက်တော် မေ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့် သွေးလွန်တုတ်ကွေးရောဂါနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန် နေ့နေ့လည်၂ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်
အဆိုပါ သွေးလွန်နုတ်ကွေးရောဂါနှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ကျောက်တော်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေများ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေများ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖုံးသွန်လဲစစ် ဆောင်ရွက်နေမှုအခြေအနေများ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည် ဆက်လက်ပြီး ဒေါက်တာထွန်းအေးမှ သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော အသင်းအဖွဲ့များမှ သွေးလွန်တုတ်ကွေးရောဂါနှင့်ပတ်သက်၍ သိရှိလီုသည်များအား မေးမြန်းဆွေးနွေးကြရာ မေးမြန်းချက်များအား မြို့နယ်ဆရာဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည် အဆိုပါ သွေးလွန်တုတ်ကွေးနှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ Ngo/Ingoများ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း