မော်လမြိုင် မေ ၁၃
အလုပ်သမား၀န်ကြီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မွန်ပြည်နယ် မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် လူမှုဖူလုံရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၀န်ကြီးဌာန ပြည်နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာ၀န်ခံအရာရှိ ဦးသက်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဖူလုံရေး သမိုင်းကြောင်းကိုလည်းကောင်း၊ မြို့နယ်တာ၀န်ခံ အရာရှိ ဒေါ်သိင်္ဂီဦးက ငွေကြေးအကျိုးခံစားခွင့် ၁၅ မျိုး အကြောင်းကိုလည်ကောင်း၊ အသိပေးဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး အလုပ်သမားညွှန်ကြားရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုတိုးချစ်က အလုပ်သမားဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဖူလုံရေးရုံး မော်လမြိုင်မြို့တွင် အကျုံး၀င်မှတ်ပုံတင်ထားသော L&M May Son Co,ltd မှ အာမခံအလုပ်သမား ဦးကျော်ဇောလင်း၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်ငွေကျပ် ၆၆၇၅၈၄ နှင့်ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် ၇၃၂၀၀၀၀ စုစုပေါင်းငွေကျပ် ၇၉၈၇၅၈၄ (ကျပ်ခုနှစ်ဆယ့်ကိုးသိန်းရှစ်သောင်းခုနှစ်ထောင်ငါးရာ ရှစ်ဆယ့်လေးတိတိ)နှင့် ညာခြေထောက်ရိုးများကျိုးပြီး အသားများစုပ်ပြဲသွားခြင်းကြောင့် အလုပ်ထိခိုက်သွားသော ဦးဟန်လင်းစိုး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၂၄၅၇၀၀၀ (ကျပ်-နှစ်ဆယ့်လေးသိန်းငါးသောင်းခုနှစ်ထောင်တိတိ)ကို တာ၀န်ရှိသူများက ကာယကံရှင် လက်၀ယ်အရောက် ပေးအပ်ခဲ့ပြီး L&M May Son Co,ltd အရောင်းမန်နေဂျာ ဦးသန်းထက်စိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်