ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့ သောက်သုံးရေ ရေဂါလံ (၂)သိန်းကျော် လှူဒါန်းခဲ့ပြီးဖြစ်

ညောင်ဦး မေ ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော မှန်တောကျေးရွာ၊ ဖြူထွားကျေးရွာနှင့် ကြို့ပင်သာကျေးရွာသို့ ယနေ့နံနက်၈နာရီအ ချိန်မှစတင်ပြီး သောက်သုံး ရေဂါလံ(၆၄၀၀)သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း အကျိုးဆောင်များထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ်တောကျေးရွာ၊ ကံကျဲကျေးရွာနှင့်ကြက်ကန်တဲတိုက်နှင့် နန်းတော်ရာတဲတိုက်သို့ရေဂါလံ ၆၄၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသောတဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုသောက်သုံးရေလှူဒါန်းသည့် တောကျေးရွာအတွက်ရေဂါလံ ၁၆၀၀၊ ကြက်ကန်တဲတိုက်အတွက် ရေဂါလံ၁၆၀၀၊ နန်းတော်ရာတဲတိုက်အတွက် ရေဂါလံ၁၆၀၀၊ ကံကျဲတဲတိုက်အတွက် ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၂၀၉၆၀၀)ဂါလံ ညောင်ဦး မြို့နယ်သောက်သုံးရေလိုအပ်နေသောကျေးလက်နေ ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD