မိုင်းယောင်း မေ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ကြူးကျေးရွာအနီးရှိ တန်ခိုးကြီးပြီး ထင်ရှားကျော်ကြားသော သက်တော် ၁၀၀၇ နှစ်ရှိ ရှေးဟောင်းသမိုင်းဝင် ဗောဓိရွှေညောင်ပင်အား မေ ၁၅ ရက်တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲမည်ဖြစ်ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။
ဗောဓိရွှေညောင်ပင်ကို သာသနာနှစ် ၁၅၅၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၀၁၅ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၃၇၇ ခုနှစ်က သိရိလင်္ကာနိုင်ငံမှ ရဟန္တာလေးပါးက အိန္ဒိယနိုင်ငံက မဟာဗောဓိ ညောင်ပင်ကြီး၏အကိုင်းကို မိုင်းယောင်းသို့ပင့်ဆောင်ပြီး ကဆုန်လပြည့်နေ့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုင်းယောင်း-မိုင်းယုလမ်းမပေါ်ရှိ ဟိုရမ်းကျေးရွာမှ ခုနစ်မိုင်အကွာတွင်ရှိသော ဝမ်ကြူးကျေးရွာအနီးရှိ ဗောဓိရွှေညောင်ပင်ကို ဟိုရမ်း-ဝမ်လွတ်-ဝမ်ဘန်းလမ်းအတိုင်း သွားရောက် ဖူးမြော်နိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း