ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံဂစ်တာတီးနည်း (အခမဲ့)သင်တန်းဖွင့်

ကျိုင်းတုံ မေ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community  Centre ခန်းမ၌ အခြေခံဂစ်တာတီးနည်း(အခမဲ့) သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းနည်းပြ ဦးမောင်မောင်နိုင်က အခြေခံဂစ်တာတီးနည်း၊ Rock ဂစ်တာတည်းခတ်နည်း၊ Plucking တီးခတ်နည်း၊ ရပ်သမ်တီးခတ်နည်း၊ လိဒ်ဂစ်တာတီးခတ်နည်း၊ Cha Cha၊ Slow Go Go၊ Country  လက်ခတ်စသည့် ဂစ်တာတီးနည်းများကို သင်တန်းသား၊ သင်တန်းသူများအား စာတွေ့လက်တွေ့ သင်ကြားပေးသည်။

အဆိုပါ သင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား  ၁၂ ဦး တက်ရောက်ပြီး မေလ ၁၂ ရက်မှ ၁၄ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)