မန္တလေးတိုင်းဒေသကြီး အခြေခံပညာ ကာယပညာနှင့်အားကစားနည်းပြ ဆရာ၊ဆရာမများ မွမ်းမံသင်တန်းဖွင့်လှစ်

မန္တလေး မေ ၁၃

မန္တလေးတိုင်းဒေသကြီး အခြေခံပညာကာယပညာနှင့် အားကစားနည်းပြ ဆရာ၊ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် အားကစားနှင့်ကာယသိပ္ပံခန်းမ၊ ချမ်းမြသာစည်မြို့နယ်၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုက ကြိုဆိုနှုတ်ခွန်းစကားပြောကြားပြီး တိုင်းဒေသကြီးပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးစန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း‌ဆွေးနွေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများစုပေါင်း၍ အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းအတွက် ဝန်ကြီးချုပ်က အာဟာရဖြည့်စွက်စာအလှူငွေ ကျပ် ၃၀၀၀၀၀/-(ကျပ်သုံးသိန်းတိတိ)လှူဒါန်းသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၇)ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၀၁)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ (၃)ရက် ဖြစ်ကြောင်းသိရ သည်။

ခရိုင်(ပြန်/ဆက်)