မိုင်းနောင်မြို့ ပြန်/ဆက် ဦးစီးဌာန Community Center တွင် စာဖတ်ဝိုင်းပြုလုပ်

မိုင်းနောင် မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့ ပြန်/ဆက် ဦးစီးဌာန Community Center ခန်းမတွင် စာရေးဆရာ အောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွှဲ(၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်နန်းမီးက ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုလေ့လာခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ အားလပ်ရက်များတွင် စာကြည့်တိုက်ရှိစာအုပ်စာပေများအား လာရောက်လေ့လာဖတ်ရှုရန်၊ မိမိတို့စိတ်ကြိုက်ဖတ်ရှုလိုသော စာအုပ်စာစောင်များအား အကြံပြုပေးရန်နှင့်  စာရေးဆရာအောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝိုင်းတွင်ဆောင်ရွက်သော ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်သည် စာရေးဆရာကြီး ဦးအောင်သင်း နောက်ဆုံးရေးသားခဲ့သော ဆောင်းပါးများ စုစည်းမှု(၃)စာအုပ်ဖြစ်ပြီး၊ လူငယ်ကဏ္ဍ၊ ပညာရေးကဏ္ဍအကြောင်းများ ရေးသားထားသဖြင့် အနာဂတ်နိုင်ငံတော်တာဝန်ကို ပုခုံးပြောင်းတာဝန်ယူမည့် လူငယ်များအတွက် လေ့လာဖတ်ရှုသင့်သည့် စာအုပ်ဖြစ်ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)