ကွန်ဟိန်း မေ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲအား နံနက် (၉:၀၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ပြိုင်ပွဲအား ကျောင်းသားလူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စိတ်ကူးဉာဏ်ရင့်သန်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် ပြိုင်ပွဲဝင် ကလေးငယ်များမှ စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်းအား ဆောင်ရွက်ခဲ့ပြီး ဆုရရှိသူများအား ဆုများနှင့် ပြိုင်ပွဲဝင်ကလေးများအား မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသားလူငယ် ၁၅ ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)