လသာ မေ ၁၂
လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ လမ်းမတော်လမ်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ခန်းမအတွင်း ရန်ကုန်ဆေးတက္ကသိုလ်(၁) Foundation Year (၅/၂၀၂၂) သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာခင်မာမြင့်၊ ဆရာ/ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူ(၃၅၈)ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခချုပ်ဒေါက်တာကျော်ရွှေမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ Foundation Year (၅/၂၀၂၂) သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများမှ မိတ်ဆက်ခြင်းများပြုလုပ်သည်။ ထို့နောက်ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါက်တာခင်မာမြင့်မှ သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် မိတ်ဆက်၍ ရှင်းလင်းပြောကြားခြင်း၊ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမ မိမိတို့သိလိုသည်များကို မေးမြန်းကာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသတင်းရရှိပါသည်။
နီနီအောင်