လှိုင်မြို့နယ်တွင် ဈေးကားနှင့် ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာ ရောင်းချ

လှိုင် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဦးဆောင်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၀၇:၀၀)နာရီအချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက်၊ ကမာရွတ်ဘူတာရုံလမ်း၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ဆန်၊ ဆီနှင့်ကြက်ဥများကို​စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာတွင်​ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်