နည်းပညာတက္ကသိုလ် (မှော်ဘီ) တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

မှော်ဘီ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မှော်ဘီ) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ အချိန်တွင် နည်းပညာတက္ကသိုလ် (မှော်ဘီ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ပါမောက္ခချုပ် ဒေါက်တာ ကေသီလွင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သန္တာအောင်တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး အင်ဂျင်နီယာဌာနမှူးများမှ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ တက္ကသိုလ် ပညာရေးအဖွဲ့ဝင်များ၊ ပထမနှစ် ကျောင်းသား / ကျောင်းသူ များနှင့် မိဘအုပ်ထိန်းသူများ စုစုပေါင်း (၄၂၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)