တာချီလိတ် မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၀၀)ဦး၊ အမျိုးသမီး( ၈၂) ဦးစုစုပေါင်း(၁၈၂)ဦးကို ယနေ့နံနက်(၁၁)နာရီအချိန် မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
အဆိုပါနေရပ်ပြန်များကို ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ကျန်မာရေးဝန်ကြီးဌာနမှ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ၌ နေရပ်ပြန်များအားလုံး ပိုးကင်းစင်ကြောင်းသိရှိရပြီး စံလင်းဖြိုး Quarantine Centre တွင် ( ၇) ရက်ကြာထားရှိကာ ကျန်းမာရေးစစ်ဆေးမှု ၂ ကြိမ်ထပ်မံခံယူပြီး၍ ရောဂါကင်းစင်သူများကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ် ကြောင်းသိရှိရသည်။
ရွေ့ပြောင်းမြန်မာအလုပ်သမားများကို စံလင်းဖြိုး Quarantine Centre ၌ ထားရှိချိန်အတွင်း ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းက အုပ်ချုပ်ရေးနှင့်လူမှုရေး ကူညီစောင့်ရှောက်ပေးမှုများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)