ဇမ္ဗူသီရိ မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်အတွင်း၌ မိုးရာသီတွင် အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမရှိစေရေးအတွက် ပိုးလောက်လန်းသေဆေး (Abate) ဆေးခတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးအဖွဲ့ဝင်များပူးပေါင်းကာ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၏ သောက်သုံးရေသိုလှောင်သည့် အုတ်ကန်၊ ရေတိုင်ကီများအတွင်း ခြင်ကျားပေါက်ပွားရာနေရာ မရှိစေရန် အဘိတ်ဆေးခတ်ပေးခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျန်ရှိသော ရပ်ကွက်/ကျေးရွာများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)