နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ၂၀၂၂-၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင်   မေ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက် ဘစီးတီး)၊ ၂၀၂၂-၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုမိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို  ယနေ့နံနက်  ၉ နာရီက  ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး )၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

‌ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ ပါမောက္ခချုပ် (တာဝန်ခံ)ဆရာကြီး ဒေါက်တာအောင်ဆန်းလင်းမှ အဖွင့်အမှာစကားပြောကြားပြီး  နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)၊ ဒုတိယပါမောက္ခချုပ်  ဆရာမကြီး ဒေါက်တာသူဇာအောင်မှနည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)အကြောင်း  မိတ်ဆက်စကားပြောကြားခြင်း၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)မှ  မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊အင်ဂျင်နီယာသင်္ချာဌာန၊ အင်ဂျင်နီယာ ရူပဗေဒဌာန၊ အင်ဂျင်နီယာ ဓာတုဗေဒဌာန၊ သတင်းအချက်အလက်သိပ္ပံဌာန၊ ကွန်ပျူတာအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီ ယာမဟာဌာန၊ တိကျစက်ပစ္စည်းထုတ်လုပ်မှု အင်ဂျင်နီယာမဟာဌာန၊ အဆင့်မြှင့်ဒြပ်ပစ္စည်း အင်ဂျင်နီယာမဟာဌာန အသီးသီးတို့မှ တာဝန်ခံဆရာ/ဆရာမများက ဘာသာရပ်များအကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှကျောင်းသား/ကျောင်းသူများကိုယ်စား အီလက်ထရောနစ်အင်ဂျင်နီယာ မဟာဌာနမှ တတိယနှစ်ကျောင်းသား မောင်ကျော်သန့်ဇင်မှ ကြိုဆိုမိတ်ဆက်စကားပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကျောင်းသား/ကျောင်းသူများ မေလ ၁၂ ရက်နေ့မှစ၍ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)