ချမ်းမြသာစည် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ MIIT Auditorium Hall ၌ ယနေ့နံနက် (၉)နာရီက ဘွဲ့ကြို (ပထမနှစ်)ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ် (MIIT) ပါမောက္ခချုပ်ကိုယ်စားဒုတိယပါမောက္ခချုပ်၊ ဒေါက်တာခိုင်ညွန့်မြိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာမြတ်သူဇာထွန်းကတက္ကသိုလ်၏ သင်ကြားရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ဘာသာရပ်အလိုက်သင်ကြားမည့် ဆရာ၊ဆရာမများကို ကျောင်းသား၊ကျောင်းသူများနှင့် မိတ်ဆက်ပေးကာ အခက်အခဲများနှင့်လိုအပ် ချက်များရှိပါက တင်ပြနိုင်ရေးနှင့် မောင်တို့မယ်တို့အနေဖြင့် ဤတက္ကသိုလ်က သင်ကြားပေးသည့် ဘာသာရပ်များကို ကြိုးစားသင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ဆရာ/ဆရာမများ၊ မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ကျောင်းသူများတက် ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ခင်စိမ်း၀င်း