ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ် စတင်ဖွင့်လှစ်၍ ကျောင်းသား / သူများ ပညာသင်ကြား

ဒဂုံအရှေ့ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ ဒဂုံတက္ကသိုလ်အား ယနေ့ နံနက်ပိုင်း ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ကျောင်းအုပ်ဆရာ / ဆရာမကြီး များ၊ မေဂျာအလိုက်နည်းပြ၊ သရုပ်ပြဆရာ / ဆရာမများနှင့် ကျောင်းသား / သူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား / သူများအား ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အပြင် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ စာကြည့်တိုက်ခန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒဂုံတက္ကသိုလ်ကျောင်း ပါမောက္ခချုပ်၊ ဆရာ / မ၊ တာဝန်ရှိသူ တို့က ပြင်ဆင် ဆောင်ရွက်ထားရှိရာ ကျောင်းသား / သူများမှ အေးချမ်းစွာဖြင့် ပညာစတင်သင်ယူလျက်ရှိသည်။

ဒဂုံတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ် ကျောင်းသား / သူ စာရင်းရှိ (၈၀၈၃) ဦး ကျောင်းအပ်နှံမှု (၈၀၈၃) ဦး ယနေ့ တက်ရောက်မှု (၆၁) ဦး၊ ဒုတိယနှစ် စာရင်းရှိ (၆၄၄၁) ဦး ကျောင်းအပ်နှံမှု (၆၄၄၁) ဦး ယနေတကိရောက်မှု (၈၂) ဦး၊ တတိယနှစ်စာရင်းရှိ (၅၄၀၈) ဦး‌‌ကျောင်းအပ်နှံမှု (၅၄၀၈) ဦး ယနေ့ တက်ရောက်သူ(၆၀)ဦး၊ ဂုဏ်ထူးတန်းပထမနှစ်စာရင်းရှိ (၃၈၄) ဦး ကျောင်းအပ်နှံမှု (၃၈၄) ဦး ယနေ့ တက်ရောက်မှု (၅) ဦး၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဂုဏ်ထူးတန်း တတိယနှစ်စာရင်းရှိ (၇၀) ဦး ကျောင်းအပ်နှံမှု (၇၀) ဦး ယနေ့ တက်ရောက်မှု (၇) ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မဟာအရည်အချင်း စစ်သင်တန်းစာရင်းရှိ (၂၆၃) ဦး ကျောင်းအပ်နှံမှု (၄၆) ဦး ယနေ့ တက်ရောက်သူ (၁) ဦး၊ မဟာဘွဲ့သင်တန်းစာရင်းရှိ (၅၉၇) ဦး ကျောင်းအပ်နှံမှု (၂၄၂) ဦး ယနေ့ တက်ရောက်သူ (၂၆) ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တွင် ၂၀၂၀ ပြည်နှစ် တက္ကသိုလ်စာမေးပွဲ အောင်မြင်သူများ ပထမနှစ်တွင် စာရင်းရှိ (၂၆၅၈) ဦး ကျောင်းအပ်နှံမှု (၉၁၃) ဦး ယနေ့ တက်ရောက်သူ (၁၈၈) ဦး ရှိရာစုစုပေါင်း‌ ကျောင်းသား / သူစာရင်းရှိ (၂၃၉၀၄) ဦး၊ ကျောင်းအပ်နှံမှု (၂၁၅၈၇) ဦး ယနေ့ တက်ရောက်မှု (၄၃၀) ဦး ရှိကြောင်း ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ထံက သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)