စမ်းချောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်

စမ်းချောင်း မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်း လိုက်နာစေရေးအတွက်  ယနေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာများတွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ ဝေဠုန် (တောင်) ရပ်ကွက်၊ ဗဟိုလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အများပြည်သူခရီးသွားများ ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် မတော်ဆမှုများ ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းဦး  ဦးစီးသော အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့(၅၀)ဦးဖြင့် ယာဉ်စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိပြီး လူစည်ကားရာ နေရာများတွင်လည်း ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း