လွိုင်လင် မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်းရှိ ပင်လုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ပင်လုံ)နှင့် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)များတွင် တက္ကသိုလ်အသီးသီး၌ ဘွဲ့ကြိုပထမနှစ်သင်တန်း ဝင်ရောက်ခွင့်ရရှိကြသူ မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲနှင့်စာသင်နှစ်အစဖွင့်လှစ်ခြင်းကို ယနေ့ မေလ ၁၂ ရက်နေ့က ပြုလုပ်သည်။
ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် တက္ကသိုလ်ကျောင်းသား/သူများကို ဒုတိယပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ဆရာ/ဆရာမများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီးနောက် ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် ကထိကဆရာမတစ်ဦးက တက္ကသိုလ်မှပေးအပ်သည့် ဘွဲ့အမျိုးအစား၊ သင်ကြားစီမံကိစ္စများနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်၏ ကွန်ပျူတာခန်း၊ တက္ကသိုလ်စာကြည့်တိုက်များကို မိတ်ဆက်ပြသည်။ ထို့နောက် စာသင်ခန်းအတွင်း သင်ခန်းစာများစတင်သင်ကြားပေးလျက်ရှိသည်။
အလားတူ လွိုင်လင်မြို့နယ်အတွင်းရှိ ပင်လုံတက္ကသိုလ်တွင်လည်းကောင်း၊ နည်းပညာတတ္ကသိုလ်(ပင်လုံ)တွင်လည်းကောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ပြုလုပ်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)