မိုင်းဖြတ် မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည့် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းနှင့် တာဝန်ရှိသူများသည် မိုင်းဖြတ်အုပ်စု၊ ဟိုနားကျေးရွာရှိ အရုဏ်ဦးစေတီတော်ပရဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စေတီတော်ပရဝုဏ်နှင့်ရင်ပြင်အတွင်း သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရေး၊ ရေးဆေးသုတ်ရန်လိုအပ်သည့်နေရာများ၌ ရေဆေးသုတ်ရန်နှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မိုင်းဖြတ်-မိုင်းယောင်းသွား ကားလမ်းဘေး၊ ဟောင်ဟင်ကျေးရွာအနီးရှိ မြို့နယ်စည်ပင်သာယာရေးဌာနပိုင် အမှိုက်ပုံအား ခြံစည်း ရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)