ကော့မှူး မေ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile library Bus) ယနေ့ နံနက်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနရုံးများ အရောက်စာအုပ်၊ စာစောင်များအား ကွင်းဆင်းငှားရမ်း ပေးခဲ့ကြသည်။
စာအုပ်စောင်များ ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာစောင်များဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာချင်တော့လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်ခြင်းတို့ကြောင့် အချိန်မကုန်မပင်ပမ်းစေဘဲ ဝန်ထမ်းများ စာအုပ်စာစောင်များ ငှားရမ်းနိုင်စေရေးနှင့် စာအုပ်စာပေများနှင့် မဝေးကွာစေရေးအတွက် ရုံးဌာနများအရောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် ဝန်ထမ်းများလိုက်လံ ငှားရမ်းပေးနေကြောင်းသိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ကားတွင် အသိပညာဗဟုသုတ ရရှိစေရေးအတွက် သုတ / ရသ (၁၀၀၀) ကျော်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်စာစောင်များအား ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်အဆိုပါ ဌာနဆိုင်ရာရုံးများသို့လာရောက် လဲလှယ်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး