ကျောက်မဲ မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စကားပုံဆက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်များအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဗလ ၅ တန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာ့စကားပုံများကို အလေးထားတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်းသိရပြီး ပြိုင်ပွဲများသို့ လူငယ် ၂၀ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က ပြိုင်ပွဲများတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)