ဟိုပုံး မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ကျန်းမာရေးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးစီမံချက်တို့ပူးပေါင်း၍ UNOPS / GFRAI3E တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံကိန်းအသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဟိုပုံးမြို့ ပြည်သူ့ဆေးရုံ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စီစီအေးက ငှက်ဖျားရောဂါနှင့် ပတ်သက် သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လူထုအခြေပြုငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း M&E Assistant ဒေါ်နန္ဒာဝင်းမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုရှင်းလင်း ပြောကြားသည်။ ထို့နောက် ကွင်းဆင်းကြီးကြပ်ရေးမှူး ဦးခွန်သိန်းဖေက မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် လုပ်းငန်းအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်စုအုပ်ချုပ်ရေးမှူးများက ငှက်ဖျားရောဂါကြို တင်ကာကွယ်ရေးနည်းလမ်းများ၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
နေမင်း(ပအိုဝ်းဒေသ)