ရေးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်းကျေးရွာများ​ ရွေးချယ်​ရေး အစည်းအ​ဝေးကျင်းပ

ရေး မေ ၁၂

မွန်ပြည်နယ် ​ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် VDP စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုခဲ့လုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရမည့် ကျေးရွာများ ရွေးချယ်နိုင်ရန်အတွက် ဦးစားပေးရမည့် အချက်များအပေါ် မူတည်၍ ရွေးချယ်ပေးသွားရန်ပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခင်စိုးက အဆိုပါ VDP စီမံကိန်းကျေးရွာ တစ်ရွာလျှင် ငွေကျပ် (၁၀)သန်းနှုန်းထောက်ပံ့ပေးမည်ဖြစ်၍ ဆောင်ရွက် ရမည့်  ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်များက ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် VDP စီမံကိန်းကျေးရွာ (၁၅)ရွာကို သတ်မှတ်ချက်များနှင့်အညီ အတည်ပြုရွေးချယ်ခဲ့ကြကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ရေး၊ ပြန်/ဆက်