မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်၊ စာ​စောင်ပြပွဲ ကျင်းပ ပြုလုပ်

မရမ်းကုန်း မေ ၁၂

စာ​ပေဗဟုသုတများရရှိ​စေရန်နှင့် စာကြည့်တိုက်ရှိစာအုပ်၊ စာ​စောင်များ အားပြည်သူများ သိရှိ​စေရန်ရည်ရွယ်၍ ယ​မန်​နေ့ နံနက် ၁၁ နာရီ အချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်၊ စာ​စောင်ပြပွဲကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြပွဲသို့လာ​ရောက်သည့် ပြည်သူများအား ဒုတိယဦးစီးမှူး​ ဒေါ်ယဉ်ယဉ်မော်က စာ​အုပ်၊စာ​စောင်များကို အခမဲ့ဖတ်ရှုငှားရမ်းနိုင်​ရေးအတွက် အသင်းဝင်ကတ်ပြုလုပ်​​​ ဆောင်ရွက်ရမည့်အချက်များ၊ စာကြည့်တိုက်ရှိ သုတ / ရသစာအုပ်များ ပညာရပ်အလိုက်ထားရှိမှုများ အစရှိသည်တို့အား မိတ်ဆက်​ရှင်းလင်း ​​​ဆောင်ရွက်ခဲ့​သည်။

စာအုပ်၊ စာ​စောင်ပြပွဲတွင် ပြသထား​သော စာအုပ်၊ စာ​စောင်များအား တက်​ရောက်လာသူများမှ စိတ်ပါဝင်စားစွာဖတ်ရှု လေ့လာခဲ့ကြ​ပြီး ပြည်သူ့စာကြည့်တိုက်တွင် သုတ၊  ရသ စာအုပ်စုစု​ပေါင်း (၁၀၁၃၆ ) အုပ်ရှိကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)