ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

လှည်းကူး မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးနွဲ့က မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို Online Page မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်းနှင့် (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးနွဲ့နှင့် ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင် တို့က ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ကလေးအလုပ်သမား အခြေအနေ၊ ကလေးအလုပ်သမား ပပျောက်ရေးသည် ဘာကြောင့်အရေးပါသလဲ၊ ကလေးအလုပ်သမား လျှော့ချရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)